Do I need a Website Featured Pic

အမေး။ ကျွန်တော်ရဲ့ လုပ်ငန်းက သေးသေးလေးပါ။ ၀န်းထမ်းကလည်း နှစ်ယောက်ပဲ။ ပြီးတော့ ကျွန်တော်ရဲ့ ပစ္စည်းတွေကလည်း အွန်လိုင်းက ရောင်းလို့မရဘူး။ ကျွန်တော် ၀ဘ်ဆိုဒ် လုပ်သင့်သလား။

အဖြေ။ ဒါက အလွန်ကောင်းတဲ့ မေးခွန်းတစ်ခုပါ။ အခု ဒစ်ဂျစ်တယ်ခေတ်မှာ အများဆုံးမေးလေ့မေးထရှိတဲ့ မေးခွန်းတစ်ခုပါပဲ။ မေးခွန်းကို မဖြေခင်မှာ အဲဒီမေးခွန်းပထမဆုံး မေးခဲ့တဲ့အချိန်ကို ပြန်ပြီး ကြည့်ကြရအောင်။ အဲဒီအချိန်က အင်တာနတ်ဆိုတာ လမ်းလျှောက်တတ်စကလေး သာသာပဲ ရှိပါသေးတယ်။

မောင့်ဂိုမာရီမှာရှိတဲ့ စီးပွားရေးအဖွဲ့အစည်းတစ်ခုမှာ စီးပွားရေးလုပ်ငန်းငယ်တွေအပေါ်ကို အင်တာနတ်ရဲ့ အကျိုးသက်ရောက်မှုအကြောင်း ဟောပြောခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်တုန်းကတည်းက အွန်လိုင်းကနေတဆင့် အရောင်းအ၀ယ်ပြုလုပ်ခြင်းဟာ အနာဂါတ်စီးပွားရေးရဲ့ အလွန်ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမယ်လို့ အားလုံးက ခန့်မှန်းခဲ့ကြပါတယ်။ အဲဒါတွေက အွန်လိုင်းကနေ ဈေးကွက်ဖော်ဆောင်မှု လုပ်လာတဲ့ အကျိုးဆက်တွေပါပဲ။

ဒါဆို သင့်လုပ်ငန်းက အွန်လိုင်းကနေ ရောင်းလို့မရတဲ့ ထုတ်ကုန်ပစ္စည်းတွေရောင်းတယ်၊ ဒါ့အပြင် လုပ်ငန်းလည်းသေးငယ်တယ်ဆိုရင် လုပ်ငန်းဝဘ်ဆိုဒ်ရှိသင့်သလားဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ ၁၉၉၈ တုန်းက ဖြေခဲ့သလိုပါပဲ။ “ရှိသင့်ပါတယ်”။ မယုံမရှိပါနဲ့။

သင့်ကုန်ပစ္စည်းဟာ အွန်လိုင်းမှာ ရောင်းလို့မရဘူးဆိုတာကို လွယ်လွယ်နဲ့ ကောက်ချက်မစွဲပါနဲ့။ ခုခေတ်မှာ အွန်လိုင်းက ရောင်းလို့မရတဲ့ ပစ္စည်းဆိုတာ အတော်ရှားလာပါပြီ။ ခုဆိုရင် အွန်လိုင်းရှောပင်းဆိုင်ပေါင်း သန်း ၂၀ လောက်ရှိနေပါတယ်။ အဲဒီဆိုင်တွေမှာ စာအုပ်၊ ကွန်ပြူတာ၊ ကား စတာတွေကနေ အိမ်ခြံမြေ၊ ဂျက်လေယာဉ်၊ ဓာတ်ငွေတွေအထိ ရောင်းဝယ်နေကြပါတယ်။

တစ်ခုတော့ ရှင်းလင်းပါရစေ။ အင်တာနတ်ပေါ်ကနေ ပစ္စည်းရောင်းဖို့ အတွက် တစ်ခုထဲနဲ့ သင့်အားအင်တွေ အားလုံးသုံးပစ်လိုက်ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆိုလိုတာကတော့ သင့်ရဲ့ဖောက်သည်တွေ၊ အလားအလာရှိတဲ့ဝန်ထမ်းတွေ၊ စီးပွားဖက်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ သင့်ရဲ့ စီးပွားရေးလုပ်ငန်းအကြောင်း၊ ထုတ်ကုန်အကြောင်း၊ ၀န်ဆောင်မှုအကြောင်းတွေကို လွယ်လင့်တကူမြင်နိုင်ဖို့ သင်မှာ အနည်းဆုံးတော့ ၀ဘ်ဆိုဒ်တစ်ခု ရှိနေသင့်ပါတယ်။

ဒါ့အပြင် ၀ဘ်ဆိုဒ်ရှိတယ်ဆိုယုံနဲ့ မရပါဘူး။ စိတ်ပါလက်ပါလုပ်မယ်ဆိုရင်တော့ သင့်ဝဘ်ဆိုဒ်က တကယ်ကို ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ ဖောက်သည်အများစုဟာ ပစ္စည်းတစ်ခုကို မ၀ယ်ခင်မှာ အွန်လိုင်းကနေပြီး ဖတ်ရှု့လေ့လာလေ့ရှိကြတဲ့အတွက် သင့်ဝဘ်ဆိုဒ်က သင့်ကုန်ပစ္စည်းအပေါ် ကောင်းမွန်တဲ့ မှတ်ချက်ပြုနိုင်ဖို့ ပထမဆုံးရလာမယ့် အခွင့်အရေးပဲဖြစ်ပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ၀ဘ်ဆိုဒ်က ဒီဇိုင်းကလည်းမကောင်း၊ သတင်းကလည်းမပြည့်စုံဆိုရင်တော့ ဘယ်သူကမှ ၀ယ်ချင်တော့မှာ မဟုတ်ပါဘူး။

အင်တာနတ်ရဲ့ နောက်ထပ်ကောင်းတဲ့အချက်တစ်ခုကတော့ သင့်ကို လုပ်ငန်းကြီးတွေနဲ့ တန်းတူယှဉ်နိုင်တဲ့ အခွင့်အရေးပေးထားခြင်းပဲ ဖြစ်ပါတယ်။ သင့်ဝဘ်ဆိုဒ်မှာ အသုံးပြုထားတဲ့ ဒီဇိုင်းတွေ၊ ဓာတ်ပုံတွေ ကောင်းရင် ကောင်းသလို လုပ်ငန်းကြီး၊ ကုမ္ပဏီကြီးတွေရဲ့ ပုံစုံမျိုး ရနိုင်ပါတယ်။ အဲလိုမှမဟုတ်ဘဲ သုံးတဲ့ပုံတွေ ဒီဇိုင်းတွေ ညံ့ဖျင်းရင်တော့ ကြီးမားတဲ့လုပ်ငန်း ဖြစ်နေစေဦးတော့ လူတွေပေးတဲ့မှတ်ချက်က ကောင်းမှာ မဟုတ်ပါဘူး။

လုပ်ငန်းတိုင်းမှာ ၀ဘ်ဆိုဒ်ရှိသင့်တယ်ဆိုပေမဲ့ ခြွင်းချက်တစ်ခုကတော့ ကြည့်ရဆိုးတဲ့ ၀ဘ်ဆိုဒ်ရှိနေတာထက် ဘာဝဘ်ဆိုဒ်မှမရှိတာ ပိုကောင်းပါတယ်။ သင့်ရဲ့ဆိုဒ်က သင့်လုပ်ငန်းအကြောင်း ပြောပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ ၀ဘ်ဆိုဒ်က သင့်လုပ်ငန်းအတွက်အရေးကြီးတဲ့အတွက် အဲဒါကိုလည်း အလေးပေးသင့်တယ်တယ်လို့ ပြောချင်ပါတယ်။

Tim W. Know, founder, president and CEO of four successful technology companies

Leave a Reply